စပျစ်ခြံ/လုပ်သားများ ပုံဥပမာ
20
ကောင်းကင်/နိုင်ငံတော်/၏ သဘောသဘာဝ/သည် ဤ/အဖြစ်အပျက်/နှင့် တူ၏။ မြေရှင်/တစ်ဦး/သည် မိမိ/၏/စပျစ်ခြံ/အတွက် လုပ်သားများ/ငှား/ရန် နံနက်/စောစော ထွက်သွား၏။ 2 ထို/သူ/သည် လုပ်သားတို့/အား နေ့စားခ/ငွေဒင်္ဂါး/တစ်ပြားa ပေး/ရန် သဘောတူ/ပြီးနောက် မိမိ/စပျစ်ခြံ/သို့ စေလွှတ်လိုက်၏။
3 ထို့နောက် နံနက်/ကိုးနာရီ/အချိန်/တွင်b အပြင်/သို့ ထွက်လာ/ရာ လူ/တချို့/သည် အလုပ်/မရှိဘဲ ဈေး/၌ ရပ်နေကြသည်/ကို တွေ့မြင်လေ၏။ 4 ထို့ကြောင့် ထို/သူတို့/အား ‘သင်တို့/သည်လည်း စပျစ်ခြံ/သို့/သွား/၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေ/ကို ငါ/ပေးမည်’ ဟု ဆို/သဖြင့် ထို/သူတို့/သည် သွားကြ၏။ 5 မွန်းတည့်ချိန်c/နှင့် မွန်းလွဲ/သုံးနာရီ/ခန့်/တွင်d ထွက်/၍ ထိုနည်းတူ/ပြုလေ၏။
6 ညနေ/ငါးနာရီ/ခန့်/တွင်e ထွက်ပြန်/လျှင် လူ/တချို့/သည် အလုပ်/မရှိဘဲ/ရပ်နေသည်/ကို တွေ့မြင်/သဖြင့် ‘သင်တို့/သည် အဘယ်ကြောင့် တစ်နေ့လုံး/အလုပ်/မရှိဘဲ ဤ/နေရာ/တွင် ရပ်နေကြသနည်း’ ဟု မေး၏။
7 ထို/သူတို့/က ‘ကျွန်ုပ်တို့/အား ငှားမည့်သူ/မရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။
မြေရှင်/က ထို/သူတို့/အား ‘သင်တို့/သည်လည်း ငါ့/စပျစ်ခြံ/သို့/သွား/၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
8 ညချမ်း/အချိန်/ရောက်/သောအခါ စပျစ်ခြံ/ပိုင်ရှင်/သည် သူ/၏/စီမံခန့်ခွဲရေးမှူး/အား ‘လုပ်သားများ/ကို ခေါ်/ကာ နောက်ဆုံး/အလုပ်/ဝင်သူ/မှစ၍ အဦးဆုံး/အလုပ်/ဝင်သူ/အထိ လုပ်အားခ/ကို/ပေးလော့’ ဟု ဆို၏။ 9 ညနေ/ငါးနာရီ/ခန့်/တွင် အလုပ်ဝင်သည့်/သူများ ရောက်လာ/သော် စီမံခန့်ခွဲရေးမှူး/သည် ထို/သူတို့/အား ငွေဒင်္ဂါး/တစ်ပြား/စီ ပေးလေ၏။ 10 ဦးစွာ/အလုပ်/ဝင်သူများ/သည် ရောက်လာ/ပြီးလျှင် မိမိတို့/သည် ပို/၍ ရမည်/ဟု ထင်မှတ်ကြ၏။ သို့သော် သူတို့/သည်လည်း ငွေဒင်္ဂါး/တစ်ပြား/စီ/ပင် ရကြ၏။ 11 ထို/သူတို့/သည် လုပ်အားခ/ကို လက်ခံရရှိ/သောအခါ မြေရှင်/အပေါ် မကျေမနပ်ဖြစ်/လျက် 12 ‘နောက်/မှ အလုပ်/ဝင်သော ဤ/သူတို့/သည် တစ်နာရီ/သာ လုပ်ဆောင်ကြ၏။ ကျွန်ုပ်တို့/သည် တစ်နေ့လုံး နေပူ/ထဲတွင် ပင်ပန်း/စွာ လုပ်ဆောင်ကြရပါ၏။ သို့သော် အရှင်/သည် သူတို့/အား ကျွန်ုပ်တို့/နှင့် ညီတူညီမျှ/ပေးလေပြီ’ ဟု ပြောဆိုကြ၏။
13 ထိုအခါ မြေရှင်/က သူတို့/အထဲမှ/တစ်ဦး/အား ‘မိတ်ဆွေ… ငါ/သည် သင့်/အပေါ် မတရား/မလုပ်ပါ။ တစ်နေ့/လျှင် ငွေဒင်္ဂါး/တစ်ပြား/နှင့် အလုပ်လုပ်/ရန် သင်/သဘောတူခဲ့သည်/မဟုတ်လော။ 14 သင်/ရထိုက်သည့်/လုပ်အားခ/ကို ယူ/၍ ပြန်လော့။ နောက်/မှ ဝင်သော/သူတို့/ကိုလည်း သင့်/ကို ပေး/သကဲ့သို့ ငါ/ပေးလို၏။ 15 ငါ/ပိုင်သည့် ငွေ/ကို ငါ/သုံးလိုသည့်/အတိုင်း သုံးခွင့်/မရှိ/သလော။ ငါ/သည် ရက်ရော/သောကြောင့် သင်တို့/သည် မနာလိုစိတ်/ရှိသလော’ ဟု တုံ့ပြန်၏။
16 ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသော/သူတို့/သည် အသေးနုပ်ဆုံး/ဖြစ်/လိမ့်မည်။ ယခု/အသေးနုပ်ဆုံးသော/သူတို့/သည် အကြီးမြတ်ဆုံး/ဖြစ်/လိမ့်မည်” ဟု မိန့်တော်မူ၏။
အသေခံတော်မူမည့်/အကြောင်း/ကို ထပ်မံ/၍ ကြိုတင်/ဟောတော်မူခြင်း
17 ယေရှု/သည် ဂျေရုဆလင်မြို့/သို့ ကြွတော်မူ/စဉ် လမ်း/၌ တပည့်တော်/ဆယ့်နှစ်ပါး/ကို ဘေးသို့/သီးခြား/ခေါ်/၍ 18 “နားထောင်ကြလော့။ ငါတို့/သည် ဂျေရုဆလင်မြို့/သို့ သွား/လျက်/ရှိ၏။ ထို/မြို့/တွင် လူသားf/သည် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/၏/လက်/သို့ အပ်နှံခြင်း/ခံရမည်။ သူတို့/သည် သူ့/ကို သေဒဏ်/ပေးကြ/လိမ့်မည်။ 19 လူသား/ကို လူမျိုးခြားတို့/၏/လက်/သို့ အပ်နှံ/၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်/တွင် သတ်ခြင်း စသည်တို့/ကို/ပြု/စေ/လိမ့်မည်။ သို့သော် သုံးရက်မြောက်သော/နေ့/တွင် သူ/သည် သေခြင်း/မှ ထမြောက်/လိမ့်မည်” ဟု မိန့်တော်မူ၏။
သူတစ်ပါး/ကို အစေခံခြင်း/အကြောင်း သွန်သင်တော်မူခြင်း
20 ထို့နောက် ဇေဗေဒဲ/၏/ဇနီး/သည် သား/နှစ်ယောက်/နှင့်အတူ ယေရှု/ထံသို့ လာ/၍ ရှေ့တော်/တွင် ဒူးထောက်/လျက် ကျေးဇူးပြုတော်မူ/ရန် လျှောက်လေ၏။ 21 ထိုအခါ ယေရှု/က “မည်သည့်/အရာ/ကို တောင်းလိုသနည်း” ဟု မေးတော်မူ၏။
သူ/က “ကိုယ်တော်/၏/နိုင်ငံတော်/တွင် ကျွန်မ/၏ သား/နှစ်ယောက်/ကို ကိုယ်တော်/၏/လက်ဝဲတော်ဘက်/၌/တစ်ယောက်၊ လက်ယာတော်ဘက်/၌/တစ်ယောက် ထိုင်ခွင့်/ပေးတော်မူပါ” ဟု လျှောက်၏။
22 ယေရှု/က “သင်တို့/သည် မည်သည့်/အရာ တောင်းသည်/ကို သင်တို့/မသိကြ။ ငါ/သောက်မည့်/ဒုက္ခဝေဒနာ/ခွက်/ကို သင်တို့/သောက်နိုင်မည်လော” ဟု ထို/သား/နှစ်ဦး/အား မေးတော်မူ/လျှင် သူတို့/က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
23 ယေရှု/က “သင်တို့/သည် ငါ/၏/ခွက်/ကို အမှန်/သောက်ကြရမည်။ သို့ရာတွင် ငါ/၏ လက်ဝဲ/နှင့်/လက်ယာ တစ်ဖက်စီ/၌ ထိုင်ခွင့်/ကို ငါ/ပေးသည်/မဟုတ်။ ထို/နေရာများ/ကို ငါ/၏ ခမည်းတော်/သည် မိမိ/ရွေးချယ်တော်မူသောသူများ/အတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။
24 ထို/အကြောင်း/ကို ကျန်/တပည့်တော်/ဆယ်ပါး/တို့ ကြား/သောအခါ ထို/ညီအစ်ကို/နှစ်ဦး/ကို ဒေါသထွက်ကြ၏။ 25 သို့သော်လည်း ယေရှု/သည် တပည့်တော်တို့/ကို မိမိ/ထံ ခေါ်/လျက် “လူမျိုးခြားများ/၏/အစိုးရမင်းတို့/သည် လူများ/အပေါ် အုပ်စိုးခြယ်လှယ်/တတ်ကြ၏။ အကြီးအမှူးတို့/သည်လည်း မိမိ/လက်အောက်တွင်/ရှိသော လူများ/အပေါ် အာဏာပြတတ်ကြ၏။ 26 သင်တို့/ကမူ ထိုသို့/မပြုကြနှင့်။ သင်တို့/အထဲတွင် ခေါင်းဆောင်/ဖြစ်လိုသူ/သည် သင်တို့/၏ အစေခံ/ဖြစ်ရမည်။ 27 အထွတ်အမြတ်/ဖြစ်လိုသော/သူ/သည် သင်တို့/၏ ကျွန်/ဖြစ်ရမည်။ 28 လူသား/ပင်လျှင် သူတစ်ပါး/ကို/စေခိုင်း/ရန် ကြွလာသည်/မဟုတ်။ သူတစ်ပါး/အား အစေခံ/ရန်/နှင့် မိမိ/အသက်/ကို စွန့်/၍ လူများ/အား ရွေးနုတ်/ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
မျက်မမြင်/နှစ်ဦးတို့/ကို မျက်စိ/မြင်စေတော်မူခြင်း
29 ယေရှု/နှင့် တပည့်တော်များ/သည် ဂျေရိခေါမြို့/မှ ထွက်ခွာ/သောအခါ လူအုပ်ကြီး/သည် နောက်တော်/သို့ လိုက်ကြ၏။ 30 ထို/အရပ်/တွင် မျက်မမြင်/နှစ်ဦးတို့/သည် လမ်းဘေး/၌ ထိုင်နေကြ၏။ သူတို့/သည် ယေရှု/ကြွသွားတော်မူ/ကြောင်း ကြား/သောအခါ “ဒါဝိဒ်မင်း/၏ သားတော် သခင်… အကျွန်ုပ်တို့/ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။
31 လူထု/က ထို/သူတို့/အား တိတ်ဆိတ်/စွာ/နေ/ရန် ဆူငေါက်ကြ/သော်လည်း သူတို့/က “ဒါဝိဒ်မင်း/၏ သားတော် သခင်… အကျွန်ုပ်တို့/ကို သနားတော်မူပါ” ဟု ပို၍/အော်ဟစ်ကြ၏။
32 ယေရှု/သည် ရပ်တော်မူ/၍ သူတို့/အား ခေါ်/ကာ “သင်တို့/အတွက် မည်သို့/ပြု/စေလိုသနည်း” ဟု မေးတော်မူ၏။
33 သူတို့/က “သခင်… အကျွန်ုပ်တို့/၏ မျက်စိ/ကို မြင်စေတော်မူပါ” ဟု လျှောက်ကြ၏။ 34 ယေရှု/သည် သနားတော်မူ/သဖြင့် သူတို့/၏/မျက်စိ/ကို လက်/နှင့်/တို့ထိတော်မူ၏။ သူတို့/သည် ချက်ချင်း/ပင် မျက်စိ/မြင်/၍ နောက်တော်/သို့/လိုက်ကြ၏။